[SAJO HEAPYO] Dangmyun(glass noodles) 500g

  • Sale
  • Regular price 17,500.00


- ကန်စွန်းဥ ကနေ ရရှိတဲ့ ကစီဓာတ် ၁၀၀% ပါ၀င်သော ကြာဇံလေးဖြစ်ပြီး ကိုရီးယား ရှေးရိုးရာနည်းလမ်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါတယ် ။

- ချက်ပြုတ်တဲ့အခါမှာလည်း အရသာရှိပြီး နူးညံ့ပေါပါးတဲ့ အရသာကို ခံစားနိုင်မှာဖြစ်ပါတယ် ။

- အဆင့်အတန်းမြင့်မားသော Quality များဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်တာကြောင့် မိမိ မိသားစုဝင်တွေအတွက် အရသာရှိတဲ့ ဟင်းလျာတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
၄။ဖွင့်ပိတ်ရလွယ်ကူ ပြီးလုံခြုံတဲ့စိတ်ချရတဲ့ zipper bag packagingကြောင့်လည်း သန့်ရှင်း လတ်ဆတ်စွာ စားသုံးနိုင်မှာ ဖြစ်ပါတယ် ။

၅။ယခုကြာဇံဖြင့် ကိုရီးယားကြာဇံသုပ်(Japchae) ,
Sukiyaki , စွပ်ပြုတ်ဟင်းချို ၊ ဖက်ထုပ် အစရှိတဲ့ ဟင်းလျာ မျိုးစုံကို ချက်ပြုတ်စားသောက်နိုင်ပါတယ် ။
.
(၁)Sweet Potato Glass Noodle ထူးခြားချက်များ...
၁။ကိုရီးယားရှေးရိုးရာ နည်းလမ်းများဖြင့် ပြုလုပ်ထားခြင်း
၂။ကြာဇံသားက အိစက်နူးညံ့ပေမယ့်အလွယ်တကူ မကြေမွနိုင်ခြင်း
၃။Alum လုံးဝမပါရှိခြင်း တို့ပဲ ဖြစ်ပါတယ် ။
.
(၂)ကြာဇံပြုတ်နည်း ..
၁။ ရေနွေးပွက်ပွက်ဆူထဲကို ကြာဇံလေးကို ထည့်ပြီး ၆မိနစ်လောက်ပြုတ်ထားပါမယ် ။
၂။ပြုတ်ပြီးရင် ရေအေးထဲမှာ ၂~၃ကြိမ်လောက်ဆေးပြီး ရေပြောင်အောင်စစ်ချပြီးရင် မိမိကြိုက်နှစ်ရာ ဟင်းလျာများမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ် ။
၃။ ရေစစ်ထားတဲ့ ကြာဇံများကို ကြက်ပေါင်း /အကြော်စတဲ့ မိမိနှစ်သက်ရာ ဟင်းလျာများတွင် ထည့်သွင်းစားနိုင်ပါတယ် ။
.
(၃) ပိုပိုပြီး အရသာရှိတဲ့ အိတုန်နေတဲ့ ကြာဇံပြုလုပ်နည်း
ရေအေး သို့မဟုတ် ရိုးရိုးရေထဲကို အနည်းဆုံး မိနစ်၃၀စိမ်ပြီးမှ ပြုတ်ပါ ။ ရေစိမ်ပြီးမှ ပြုတိတယ်ဆိုရင်ကြာဇံသားက ပိုနူးညံ့အိစက်ပြီး ပိုအရသာရှိပါတယ် ။
Eco-cook : Eco cookဆိုတာကတော့ ကာဗွန် နဲ့ ဟိုက်ဒရိုဂျင် အနည်းငယ်သာ ပါဝင်သော ပတ်ဝန်းကျင်ကို ကိုယ်စားပြုသော ဟင်းချက်နည်းပဲ ဖြစ်ပါတယ် ။
.
(၄) အသုံးပြုပြီး၍ ထိန်းသိမ်းထားနိုင်သော နည်းလမ်းများ..
၁။zipper bag(ဇစ်ပါသော အိတ်) ထဲ ပြန်ထည့်ပြီး ရေခဲသေတ္တာ ထဲမှာ ထားပေးပါ ။
၂။ အသုံးပြုချင်တဲ့ အခါဘာမှ မလုပ်ဘဲ ဟင်းထဲကိုထည့်မယ်ဆို ကြာဇံအရောင်ကြည်လင်လာတဲ့အထိ ပြုတ်ပေးရပါမယ်။
.
(၅) ကြာဇံကို အသုံးပြုကာ ချက်ပြုတ်နိုင်သော Japchae (ကိုရီးယား အစားအစာကြာဇံသုပ်)
ပါဝင်ပစ္စည်းများ : ကြာဇံ ၅၀၀ဂရမ် ၊ဝက်သား ၂၅၀ဂရမ် ၊ မုန်လာဥနီ ၁လုံး(အလယ်အလတ်) ၊ ကြက်သွန်နီ ၂လုံး (အလယ်အလတ်) ၊ ရှီတာကီမှို ၁၀ပွင့် ၊ ဟင်းနုနွယ် ၁စည်း ......
အနှစ်ပြုလုပ်ရန် : ပဲငံပြာရည် ၈ဇွန်းကြီး ၊ သကြား ၄ဇွန်း ကြီး ၊ နှမ်းဆီ ၄ဇွန်းကြီး၊ ကြက်သွန်ဖြူ တောက်တောက်စင်း ၂ဇွန်းသေး ၊ ကြက်သွန်မြိတ် နုပ်နုပ်စင်း ၂ဇွန်းသေး ၊ နှမ်းလှော် ၂ဇွန်းသေး ၊ ဆား ၁ဇွန်းသေး ၊ ငရုတ်ကောင်း ၁/၂ဇွန်းသေး စသည်တို့ကို အကုန်ရောနယ်လိုက်ပါ ။
.
(၆) ပြင်ဆင်ချက်ပြုတ်နည်း..
၁။ အသားနဲ့ ရှိိီတာကီမှိုကို အချောင်းချောင်းလှီးပြီး အနှစ် ၄ဇွန်းကြီးထည့်နယ်ပြီး ကြော်လိုက်ပါ ။
၂။ ဟင်းနုနွယ်ကိုတော့ ရေနွေးနဲ့ အနည်းငယ်ရေဖျော်ပြီး ရေအေးအေးနဲ့ပြန်ဆေးချပါ ။ ပြီးရင် ဇကာနဲ့ ရေစစ်ပြီး ဆား ငရုတ်ကောင်းတို့နဲ့ နယ်ပေးပါ ။
၃။ကြက်သွန်နီ နဲ့ မုန်လာဥနီတို့ကို အချောင်းချောင်းလှီးပြီး ဆားနဲ့ နယ်ပါ ။ ပြီးရင် ဟင်းချက်ဆီ အနည်းငယ် ထည့်ပြီး ကြော်ပေးပါ ။
၄။ ပြီးရင် အခုကြာဇံလေးကို ပြုတ်ပြီး ရေအေးနဲ့ တခါပြန်ဆေးပါ ။ ရေစစ်ချပါ ။ ပြီးရင်ကျန်တဲ့ အနှစ်နဲ့ ကြာဇံကို နယ်ပြီး ကြော်လိုက်ပါ ။ပြီးရင် နံပါတ် ၁ ၊ ၂ ၊ ၃ တို့နဲ့ ရောမွှေလိုက်ရင် အရသာရှိတဲ့ ကိုရီးယား ကြာဇံသုပ် ရရှိနိုင်ပါပြီ..!!!
.
* သိမ်းဆည်းနည်း
- နေရာင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သောနေရာတွင်မထားရ။
- အေး၍ ခြောက်သွေ့သောနေရာတွင်ထားပါ။
.
* မှတ်ချက်
- Noodles(Vermicelli) ကိုပြုတ်ပြီး ရေဆေးနှင့်ပြန်ဆေးတဲ့အချိန်မှာ လက်ကို အပူမလောင်စေရန် အထူးသတိပြုပါ။
- ယင်ကောင်အစရှိသော ပိုးမွှားများမနားစေရန် ပြုတ်ပြီးသော Noodles(Vermicelli) ကို ကြာကြာသိမ်းမထားပဲ ချက်ချင်းစားသုံးတာက အကောင်းဆုံးဖြစ်ပါသည်။
.
* Ingredients:
-Mixed Sweet Potato Starch, Processed Starch

* Made In Korea *

.
☑ Send Message to CBOX
☑ Wholesale: https://www.facebook.com/Blessingwholesale
☑ Our Phone : 01-291030 , 09-788905323 , 09-774000922
ဒါအပြင် ငွေပေးချေတဲ့အခါမှာလည်း Cash On Deli အပြင်
💸 KBZPay / KBZ Bank
💸 CBPay
💸 AYA
💸 Wave Money စတဲ့ Mobile Banking များနဲ့လည်း ငွေပေးချေလို့ရပါတယ်ရှင်