[SAJO HAEPYO] Frying Mix 1kg

  • Sale
  • Regular price 10,000.00


အရသာရှိရှိ ကြွပ်ရွတဲ့ အကြော်လေးတွေကို ပြုလုပ်နိုင်စေမယ့် Korea Frying Mix လေးဖြစ်ပါတယ်။
.
(၁) ကြွပ်ကြွပ်ရွရွ အကြော်ပြုလုပ်နည်း

၁။ HAEPYO အကြော်မှုန့်၂၀၀ဂရမ်ထဲကို ရေအေး ၃၂၀ml လောင်းထည့်ပြီး ရေနဲ့ တစ်သားတည်းကျသွားတဲ့ထိ မွှေပေးပါ ။ **ရေပမာဏကို သေချာ ဂရုစိုက်ဖို့ အရေးကြီးပါတယ်နော်!!
Tip : ရေခဲရေကို သုံးမယ်ဆိုရင် ပိုပြီး ကြွပ်ရွတဲ့ အကြော်ပြုလုပ်နိုင်မှာဖြစ်ပါတယ် ။ အကြော်မှုန့်ဖျော်ထားတာကို အကြာကြီးမွှေပေးနေရင် မုန့်ကို ပျော့စေနိုင်တာကြောင့် ရေနဲ့ တစ်သာတည်း အလုံးအမြှုပ်မရှိတဲ့ အချိန်ထိလောက်ပဲ မွှေထားပေးပါ ။

၂။ ကြိုတင်ပြင်ဆင်ပြီးသား ပါဝင်ပစ္စည်းများ( မိမိကြိုက်နှစ်သက်ရာ အသီးနှံအသားငါး ထည့်နိုင်ပါတယ် )ကို ရေဆေးပါ ။ ပြီးရင် ရေကို ပြောင်စင်အောင် ဆေးကြောပြီးတဲ့နောက် HAEPYO အကြော်မှုန့်နှစ်နဲ့ ကပ်ပေးပါ ။

၃။ အကြော်မှုန့်နှစ်ကပ်ပြီးသား ဟာလေးတွေကို ပန်းကန်တစ်လုံးထဲ ထည့်ထားပြီး အနှစ်အရမ်းမထူအောင် ပြန်လိမ့်ပေးပါမယ် ။
Tip: ငါး သို့မဟုတ် ဝက်သားကတ်သလိပ်လုပ်မယ်ဆိုရင်တော့ ထူထူလေးပဲ ထားပါ ။ အသီးအရွက်ဆိုရင်တော့ ပါးပါးလေးပဲ ကပ်ပေးပါ ။

၄။ စောက်နက်နက်အိုးထဲကို HAEPYO ဟင်းချက်ဆီကို ထည့်ပြီး အပူချိန်၁၆၀ဒီဂရီ (အသီးအနှံအတွက်) ကနေ ၁၈၀ဒီဂရီ(အသားငါးအတွက်) အပူချိန် ထားပြီး အကြော်မှုန့်ကပ်ထားတဲ့ အစားအစာတွေကိုထည့်ပြီး ၃မိနစ်~၄မိနစ်လောက် ကြော်ပေးရင် ကြွပ်ရွတဲ့ အရသာကို ခံစားနိုင်ပြီ ဖြစ်ပါတယ် ။
Tip : ဆီပူပူထဲကို အကြော်မှုန့်ကပ်ပြီးသာ အစားအစာကို တစ်ချက်ပစ်ထည့်ထားပြီး ဆီပေါ်ကို တက်လာပြီဆိုရင်တော့ ကျက်ပြီလို့ ယူဆလို့ရပါတယ် ။ တစ်ကြိမ်တည်းနဲ့ အကြာကြီး ကြော်ထားလို့ မရပါဘူး ။ ဒီလိုဆို ကြွပ်ရွတဲ့ အရသာကို မရနိုင်ပါဘူး ။ ငါးအသားပြား ဆိုရင် မကြော်ခင် Heapyo ပေါင်မုန့်ခြောက်မှုန့်ကို ကပ်ပြီးမှ ကြော်ရင် ပိုလို့တောင် စိမ့်ပြီး စားကောင်းပါသေးတယ်။

(၃) ထိန်းသိမ်းထားသိုနိုင်မည့် နည်းလမ်း..
- နေရောင်ခြည်ရရှိနိုင်သည့် နေရာကို ရှောင်ရှားပြီး အတတ်နိုင်ဆုံး အေးမြတဲ့ အပူချိန်ရှိတဲ့နေရာမှာ ထားပေးပါ ။
- အနံ့အသက်အလွယ်တကူ ဝင်နိုင်တာကြောင့် စိုစွတ်တဲ့ နေရာ သို့မဟုတ် မိတ်ကပ် ၊ ဆေး ၊ ဆီ ၊ ဟင်းခတ်အမွှေးအကြိုင်စသည် အနံ့ပြင်းသော ပစ္စည်းများရှိတဲ့ နေရာကို ရှောင်ရှားပေးပါ ။
- ဖွင့်ဖောက်ထားရတဲ့ အထုပ်ဖြစ်ထားကြောင့် ပိုးဟပ် ၊ အင်းဆက် ၊ မှို တက်ခြင်းစသည်တို့ ဖြစ်နိုင်တာကြောင့် တစ်ခါဖောက်သုံးပြီးတာနဲ့ လုံခြုံစွာပိတ်သိမ်းပေးဖို့လိုပါတယ်။

*Made In Korea*

.
☑ Send Message to CBOX
☑ Wholesale: https://www.facebook.com/Blessingwholesale
☑ Our Phone : 01-291030 , 09-788905323 , 09-774000922
ဒါအပြင် ငွေပေးချေတဲ့အခါမှာလည်း Cash On Deli အပြင်
💸 KBZPay / KBZ Bank
💸 CBPay
💸 AYA
💸 Wave Money စတဲ့ Mobile Banking များနဲ့လည်း ငွေပေးချေလို့ရပါတယ်ရှင်