[JINMI] Black Bean Sauce with Smoky Flavor 300g

  • Sale
  • Regular price 6,500.00


- တစ်မူထူးခြားပြီး အကင်နံ့လေးသင်းနေတဲ့ ကိုရီးယား ပဲခေါက်ဆွဲအနှစ်လေးဖြစ်ပါတယ်။
- အနှစ်ထုပ် တစ်ထုပ်စာကို လူ 7~8 ယောက်ခန့်အထိ စားနိုင်ပါတယ်။
- HACCP လက်မှတ်ရပြီးသား Product မို့လို့ စိတ်ချယုံကြည်စွာ စားသုံးနိုင်ပါတယ်ရှင်။
**ချက်ပြုတ်နည်း**
- ပဲခေါက်ဆွဲထဲထည့်ဖို့ အသား၊အသီးအရွက်(မုန်လာဥနီ၊အာလူး၊ကြက်သွန်နီ၊ရွှေဖရုံသီး၊ကြက်သွန်မြိတ်) စတာတွေကို သင့်တော်တဲ့အရွယ်အစား သေးသေးလေးတွေလှီးပြီး ဆီအနည်းငယ်ခန့်ဖြင့် ဆီသတ်ပါ
- ထို့နောက် နောက်ဒယ်အိုးတစ်လုံးထဲမှာ ဆီအနည်းငယ်ခန့်ထည့်ပြီး ပဲခေါက်ဆွဲအနှစ်ကို ဆီသတ်ပါ
- ပြီးရင် ပဲခေါက်ဆွဲအနှစ် နဲ့ ပထမဆီသတ်ထားတဲ့ အသားအသီးအရွက်တွေကိုထည့်ပြီး ရောကြော်လိုက်ပါ
- ပြီးရင် ရေ တစ်ခါသုံးခွက် ၃ ခွက်ခန့်ထည့်ပြီး
အသီးအရွက်များ လုံးဝနူးသွားတဲ့အထိ တည်လိုက်ပါ
- အားလုံး နူးသွားပြီဆိုရင်တော့ ရေ တစ်ခါသုံးခွက်တစ်ဝက်ခန့်ထဲမှာ ကော်မှုန့် ၃ ဇွန်းခန့်ကို ဖျော်ပြီး အနှစ်ထဲကိုထည့်လိုက်ပါ
- နောက်ထပ် 2 မိနစ်ခန့် တည်ပြီးရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပဲခေါက်ဆွဲအနှစ်ရပါပြီရှင်
- ပြုတ်ပြီးသားခေါက်ဆွဲ or ထမင်းပေါ်ခေါက်ဆွဲအနှစ်ကိုနှစ်သက်သလောက် ဆမ်းပြီး နယ်လိုက်ရင် အနံ့အရသာနဲ့ပြည့်စုံတဲ့ ကိုရီးယားပဲခေါက်ဆွဲ စစ်စစ်ကို သုံးဆောင်နိုင်ပါပြီရှင်
**Made In Korea**
.
☑ Send Message to CBOX
☑ Wholesale: https://www.facebook.com/Blessingwholesale
☑ Our Phone : 01-291030 , 09-788905323 , 09-774000922
ဒါအပြင် ငွေပေးချေတဲ့အခါမှာလည်း Cash On Deli အပြင်
💸 KBZPay / KBZ Bank
💸 CBPay
💸 AYA
💸 Wave Money စတဲ့ Mobile Banking များနဲ့လည်း ငွေပေးချေလို့ရပါတယ်ရှင်