"မျက်နှာချေးချွတ်ခြင်း(Scrub or Peeling )မလုပ်ခင် သိသင့်တဲ့အချက် ( ၉ )ချက်"
🌟"အကယ်၍ သင်ဟာ sensitive skin ရှိတယ်ဆိုရင်တော့ scrubs တွေလုံးဝမလုပ်သင့်ဘူး၊scrubs မှာပါတဲ့ အစေ့လေးတွေကသင့်အသားအရေကို နီမြန်းစေတတ်တယ်"
🌟"သင်ဟာ ဝက်ခြံအဖုတွေရှိနေတဲ့သူဆိုရင်လည်း scrubs မသုံးသင့်ဘူး။scrub သုံးလိုက်ရင် အသားကပိုနုပြီး ပိုပျက်စီးလာတတ်ပါတယ်"
......စတဲ့စတဲ့အကြောင်းအရာတွေကိုကြားဖူးကြမှာပါ။😧
အဲ့တော့ လူတိုင်းက scrub ကိုအလွယ်တကူမသုံးရဲကြတော့ဘူး။မတည့်မှာဆိုးလို့လေ။
အရာရာတိုင်းက "တန်ဆေးလွန်ဘေး"ဆိုတဲ့အတိုင်း အတန်အသင့်လုပ်ပေးရင် ဘာမဆိုကောင်းတာပါပဲ
Scrub ကိုလည်း ပုံမှန်စနစ်တကျလုပ်ပေးရင် နူးညံ့ကြည်လင်တဲ့အသားအရေကိုရရှိစေမှာပါ
Scrub က ဆဲလ်အသေတွေကိုဖယ်ရှားပေးတာကြောင့် ဆဲလ်အသေကြောင့်ဖြစ်တဲ့ ဝက်ခြံပြဿ န.တွေကို ဖြေရှင်းပေးပြီး skincare တွေကိုလည်းအသားထဲပိုမိုစိမ့်ဝင်စေပါတယ် ။အသားအရေကို ချောမွေ့ကြည်လင်သွားစေလို့ မိတ်ကပ်လိမ်းရတာလည်း အဆင်ပြေစေပါတယ်
ဒါကြောင့်အခု ဘယ်လိုအသားအရေမျိုးက ဘယ်လို scrub ကိုလုပ်သင့်လဲဆိုတာပြောပြမယ်နော်
☝1)အသားခြောက်တဲ့သူတွေရော scrub လုပ်သင့်လား
ဆဲလ်အသေအခြောက်တွေက သင်လိမ်းလိုက်တဲ့ skincare တွေစုပ်ယူသွားတာကြောင့် သင့်အသားအရေက ဘာလိမ်းလိမ်းမစိုလာနိုင်ပါဘူး၊ဒာ့ကြောင့် scrub ကိုလုပ်သင့်ပါတယ်၊ရေဓာတ်ပါဝင်တဲ့ အပျော့စား peeling,scrub တို့ကို တစ်ပတ် နှစ်ခါလောက် သုံးသင့်ပါတယ်၊ဒါမှ အသားအရေက ပြန်လည်ကြည်လင်ဝင်းပလာမှာပါ
☝2)အဆီပြန် ဝက်ခြံထွက်ရင်ရော သုံးသင့်လား
ပြင်းတဲ့ပစ္စည်းအမျိုးအစားကိုတော့ လုံးဝ မသုံးသင့်ပါဘူး၊အသင့်တော်ဆုံးကတော့ Charcoal ပါတဲ့ peeling mask or scrub အမျိုးအစားကအကောင်းဆုံးပါပဲ၊ Charcoal က အဆီ နဲ့ အညစ်အကြေးတွေကို စုပ်ယူနိုင်လို့ အသားအရေကို ပြန်လည် သန့်စင်လာစေပါတယ်။
☝3)အသားအရေက တအား sensitive ဖြစ်ရင်ကောသုံးလို့ရလား
အစေ့လေးတွေပါတဲ့ အမျိုးအစားဆိုရင်တော့မရပါဘူး၊ နူးညံ့ပြီး သဘာဝအသီးအနှံတွေကနေပြုလုပ်ထားတဲ့ အပျော့စားလေးတွေကို တစ်ပတ် တစ်ခါနှစ်ခါလောက်တော့ သုံးပေးလို့ရပါတယ်။
☝4)သာမာန်အသားအရေအတွက်ဆိုရင်ရော အကုန်အဆင်ပြေလား
သာမာန်အသားအရေအများစုက combination skin တွေပါ၊T-zone တစ်ဝိုက်မှာအဆီနည်းနည်းပြန်တက်ပြီး ကျန်တဲ့နေရာကခြောက်တတ်ကြပါတယ်
နှစ်သက်ရာကိုအသုံးပြုနိုင်ပြီး တစ်ပတ်ကို ၂ကြိမ်ကနေ ၃ကြိမ်အထိသုံးလို့ရပါတယ်၊ သုံးတဲ့အခါ T-zone ကို အဓိကထားပြီး ပိုပွတ်ပေးသင့်ပါတယ်။
☝5)Scrub ကို နေ့မှာသုံးရမှာလား ညမှာသုံးရမှာလား
ညမှာသုံးတာကပိုကောင်းပါတယ်။scrub သုံးပြီး ဆဲလ်အသေတွေဖယ်ရှားပြီးမှ
သင်ရဲ့ night time skincare လုပ်ပြီး အိပ်စက်ရင် အသားအရေက skincare ကို ကေါင်းကေါင်း စုပ်ယူနိုင်ပြီးဆဲလ်အသစ်တွေဖန်တီးနိုင်မှာပါ။
☝6) မတည့်တာတွေဖြစ်လာရင် ဘာလုပ်ရမလ
နီမြန်းပြီးမတည့်တာတွေဖြစ်လာရင်တော့ အရင်ဆုံး အဲ့နေရာကို ရေဓာတ်ပြည့်ဝတဲ့ cream တစ်ခုကိုထူထူလေးလိမ်းပေးလိုက်ပါ၊ပြီးရင်တော့ မတည့်တာကိုဆက်မသုံးပာနဲ့တေ့၊ ရပ်လိုက်ပြီး တခြားရေဓာတ်ဝတဲ့ cleanser တစ်ခုခုကိုပဲပြောင်းသုံးလိုက်ပါ။
☝7)Body Scrub ကို မျက်နှာမှာ သုံးလို့ရလား
လုံးဝ လုံးဝ လုံးဝ မရပါဘူး၊body scrub ကအစေ့လေးတွေကကြမ်းတမ်းတဲ့အတွက် မျက်နှာ အသားအရေကို ပွန်းပဲ့စေတတ်ပါတယ်၊မျက်နှာမပြောနဲ့ လည်ပင်းမှာသုံးဖို့တောင် မသင့်တော်ပါဘူး။
☝8)မျက်လုံးနားတစ်ဝိုက်ကို ချန်ပြီး scrub လုပ်ရမှာလား
အပျော့စားလေးတွေဆိုရင်တော့ ကိစ္စမရှိပေမယ့် အစေ့လေးတွေပါတာတို့ ၊ပြင်းတာတို့ဆိုရင်တော့ မျက်လုံးတစ်ဝိုက်ကို မသုံးတာ အကောင်းဆုံးပါ။
ပညာရှင်တွေကတော့ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာကို ကိုယ်ဘာသာကိုယ်ပြုလုပ်ပြီးသုံးကြတယ်။ မှားပြီးလုပ်မိရင်တော့ ထိခိုက်မှာက ကိုယ့်ရဲ့ အဖိုးတန်မျက်နှာလေးနော်။အတတ်မစမ်းတာအကောင်းဆုံးလို့ပဲ ပြောပါရစေ😂😂😂