“မုန်လာဥ ကင်မ်ချီ”
ကင်မ်ချီ အမျိုးပေါင်း တစ်ရာကျော်ထဲက K-foodကနေ ဒီတစ်ခါ ပြောပြမယ် ကင်မ်ချီတစ်မျိုးကတော့ မုန်လာဥ ကင်မ်ချီဘဲ ဖြစ်ပါတယ် ....
<ပါဝင်ပစ္စည်း>
(ထုံးစံအတိုင်း ထမင်းစားဇွန်း အတိုင်းအဆနဲ့ပဲ သုွးမယ်နော်)
မုန်လာဥ ၂စည်း ၊ ကြက်သွန်မြိတ် နှစ်စည်း ၊ ဆားကြမ်း ၁ခွက် ၊
ကောက်ညှင်းမှုန့်ဖျော်ရည် : ရေ၂ခွက် ၊ ကောက်ညှင်းမှုန့် ၂ဇွန်း
အနှစ်: ငရုတ်သီးမှုန့် ၂ခွက် ၊ ငံပြာရည် ၈ဇွန်း ၊ ပုဇွန်ဆားစိမ် ၄ဇွန်း ၊ မက်မန်း အချိုရည် ၂ဇွန်း ၊ သကြား ၂ဇွန်ူ ၊ ကြက်သွန်နီ ၊သစ်တော်သီး အချိုရည် ၁.၅ခွက် ၊ဂျင်းထောင်း ၁/၂ဇွန်း၊ ကောက်ညှင်းမှု့န်ဖျော်ရည် ၂ခွက် ၊ ကြက်သွန်ဖြူ တောက်တောက်စင်း ၅ဇွန်း ၊ စွပ်ပြုတ်အရည် ၂ခွက်
*** အနှစ်ကိုတော့ မုန်လာဥ ၂စည်းအတွက် လုပ်တာပေမယ့် ကိုယ်ဝယ်တဲ့ အရွယ်အစားကိုလိုက်ပြီး ချင့်ချိန်လုပ်ပေါ့နော်။
**ထမင်းစားဇွန်းလို့ ပြောပေမယ့်လည်း ကိုယ်အကြိုက်အလိုက် ထည့်လို့ရပါတယ်နော်..
မုန်လာဥတွေ ကြည့်တာနဲ့တင်ကို အရသာရှိမယ့်ပုံပေါ်နေပါပြီ ။ အရင်ဆုံး မုန်လာဥ ရွေးတဲ့အရာ ခပ်မာမာနဲ့ အနာအဆာ နည်းတာကို ရွေးသင့်ပါတယ် ။
အရင်ဆုံး မုန်လာဥကို ပုံပါ အတိုင်း အရွက်နားက အပိုင်းကို ခွါထုပ်ပါမယ် ။ ပြီးရင် အမြစ်ပိုင်းကို ဖြတ်ထုတ်ထားပါမယ်။ အခွံလည်း ခွါရပါဦးမယ် ။
အခွံခွါတဲ့ အခါ အခွံခွါ ဓားလေးနဲ့ ရှပ် ရှပ် ဆိုပြီး ခွါလိုက်ရင် ရပါပြီ ..ပြီးရင် ရေဆေးမယ် စင်ကြယ်သွားအောင် အကြိမ်ကြိမ်ဆေးပါမယ် ။ ပြီးရင် ဇကာတစ်ခုနဲ့ ရေစစ်ထားပါမယ် ။
မုန်လာဥထဲကို သကြားနဲ့ ဆား ကို ရေထဲမှာ ပျော်အောင် လုပ်ပြီးမှ သိပ်တာလည်း ရှိပေမယ့် ဒီတစ်ခါတော့ တစ်ခါတည်း အပေါ်က ဆားဖြူးလိုက်ပါတယ် ။ ဆားကို မုန်လာဥတွေ ရှိတဲ့ ဘက်ကို များများ ဖြူးထားပြီး အပေါ်ပိုင်းကိုတော့ သိပ်ထားပြီး မိနစ်၃၀ကြာတဲ့ အခါမှသာ ဟိုဘက် ဒီဘက် နယိပေးပါမယ် ။ ဒါဆိုရင် ဆားရေဟာ နေရာအနံ့ ရောက်သွားမှာ ဖြစ်ပါတယ်...
မုန်လာဥရဲ့ အရွယ်အစားကိုလိုက်ပြီး အချိန်ကိုတော့ ချင့်ချိန်သိပ်ရပါမယ် ။
ကဲ သေချာ သိပ်ပြီးပြီ ဆိုရင်တော့ နှစ်ခါလောက် ရေထပ်ဆေးပေးလိုက်ပါမယ် ။ ပြီးရင် ရေစစ်ဖို့လည်း မမေ့နဲ့ဦးနော်...
သိပ်ထားတဲ့ အတွင်း အနှစ်လုပ်ကြတာပေါ့...အရင်ဆုံး ကင်မ်ချီ အနှစ် ထုံးစံအတိုင်း ကောက်ညှင်းမှုန့်ကို အရင်ဖျော်မယ် ။ ရေ၂ခွက် နဲ့ ကောက်ညှင်းမှု့န် ၂ဇွန်း ဖျော်ပြီး မီးအပူ ခဏပေးမယ် ။
ဒီမှာ စွပ်ပြုတ်ရည်ထဲမှာ တစ်ခါတည်း ကောက်ညှင်းမှုန့် ထည့်ဖျော်လည်း ရပေမယ့် ကျွန်မကတော့ နောက်မှ စွတ်ပြုတ်ကို ပြုတ်ပါမယ် ။ ပုံထဲမှာတော့ ပမာဏက နည်းနည်းများနေပါလိမ့်မယ် ။ကျွန်မက ကြက်သွန်မြိတ်ထဲလည်း ထည့်ဦးမှာ မလို့လေ
ပြီးရင် ငါးနီတူး ၊ ငါးခေါင်း အခြောက် ၊ ကြက်သွန်မြိတ် အမြစ်ပိုင်း ၊ ရှီတာကီမှိုခြောက် ၊ Deepori ငါး စသည်တို့ကို ထည့်ပြီး ပြုတ်ပါမယ် ။ ကျွန်မကတော့ ရိုးရိုး ရှင်းရှင်း ငါးနီတူးစွပ်ပြုတ် ထုပ်(readymade package)ကို သုံးပြီး ပြုတ်လိုက်ပါမယ် ။
ငရုတ်သီးမှုန့်







ကြက်သွန်ဖြူ တောက်တောက်စင်း ၊တို့ကို ထည့်ပြီး သေချာ နယ်ပေးပါမယ် ။
ပြီးမှ အရသာ ကြိုက်မကြိုက် မြည်းကြည့်ပေါ့ ... ကို့ပါးစပ် က ကြိုက်ရင် အဲ့ဒါ golden recipeပဲလေ


နယ်ပြီးတာနဲ့ ကိုယ်စားဖို့ သင့်တော်မယ့် အရွယ်အစားလောက်လေးတွေ လှီးပြီး ရင် တကယ် ပြီးပါပြီ....

နယ်ပြီး တစ်ချက် မြည်းကြည့်လိုက်လို့ အရသာလိုနေရင် လိုတဲ့ အရသာ ထက်ထည့်လိုက်ပေါ့နော်...


မရတော့ဘူး အရမ်း စားချင်နေလို့....