“ချစ်စရာကောင်းတဲ့ ကိုရိီးယားကြက်ဥလိပ်” . [귀여운 계란말이 , Gwiyoon-Gyeran-Mar-I, Cute Rolled Omelet]

https://fb.watch/gdeizK6Hk_/

 

အမြဲတမ်းစားနေကျ ကြက်ဥလိပ်နဲ့မတူဘဲ ဒီတစ်ခါတော့ အရောင် လှလှလေးနဲ့ ပုံစံတစ်မျိုးပြောင်းလုပ်ကြည့်ရအောင်လေ..ဂဏန်းချောင်းသားနဲ့ လုပ်တာဖြစ်တဲ့အတွက် ပိုအရသာရှိပြီး လူကြီး ကလေး ပိုကြိုက်ကြတာပေါ့နော်..
ပါဝင်ပစ္စည်းများ
ကြက်ဥ၄လုံး ၊ ဂဏန်းချောင်း ၂ချောင်း ၊ နှမ်းနက် ၊ မုန်လာဥဖြူ အညွှန့် အနည်းငယ် ၊ ဟင်းချက်ဆီ ..
ကြက်ဥ ခလောက်တဲ့ထဲကို ရေညှိဖတ်ပြုတ်ရည် ၅ဇွန်း ၊ သကြား ၁/၂ဇွန်း ၊ ဆား ၁/၂ဇွန်းသေး ၊ ငရုတ်ကောင်းအနည်းငယ် ၊
ရေညှိပြုတ်ရည် ပြုလုပ်ရန်
၁။ ရေညှိကို ရေ၂ခွက် ထဲမှာ ၂နာရီလောက် စိမ်ထားပြီး ပြုတ်ပေးပါ ။
၂။ရေပွက်လာပြီဆိုရင် ရေညှိဖတ်ကို ဆယ်ထုတ်ပါ ။
(တူနားငါးအခြောက်ကို ထည့်ပြုတ်ရင် ပိုရင့်ပြီး အရသာရှိတဲ့ ရေညှိပြုတ်ရည်ကိုရနိုင်ပါတယ်)
ကြက်ဥလိပ် ချက်ပြုတ်ပြင်ဆင်ရန်
၁။ ပန်းကန်ထဲကို ကြက်ဥတွေကို ခလောက်ထည့်ပြီး ကြက်ဥခလောက်ထဲထည့်မယ့် ပစ္စည်းတွေပါ ထည့်ပြီး ခလောက်ထားပါ
၂။မီးအားအသင့်တင့်နဲ့ အိုးပြားထဲမှာ ဆီအနည်းငယ်သုတ်ပြီး အပူပေးထားပြီး ကြက်ဥများကို ဖြည်းညှင်းစွာ လောင်းချပါ ။ထိပ်ဖက်ပိုင်းမှာ ဂဏန်းချောင်းကို ထည့်လိုက်ပါ။
၃။ကြက်ဥကို တစ်ဝက်လောက် ကျက်တဲ့အထိ ထားပြီး လိပ်ပေးပါ။
၄။ လိပ်ထားတဲ့ ကြက်ဥလေးကို အိုးရဲ့ ထိပ်ပိုင်းထောင့်ကိုကပ်ထားပြီး ခုနက လိပ်တဲ့အတိုင်း ၃~၄ခေါက်လောက်လိပ်ပေးပါ ။
၅။သင့်တော်တဲ့ အရွယ်လေးတွေ လှီးဖို့ ထမင်းလိပ်လိပ်တဲ့ ယင်းလိပ်ထဲမှာ ကျစ်အောင်လိပ်ပြီး အဝိုင်းလေးတွေ လှီးလိုက်ပါ ။
၆။ လှီးပြီးသား အဝိုင်းလေးအပေါ်မှာ နှမ်းနက်နဲ့ မုန်လာဥပင်ပေါက်လေးတွေကို တင်ပြီး ချစ်စရာကောင်းအောင် ပြင်ဆင်ပေးလိုက်ပါ
Source: Wife’s Cuisine