“ကိုရီးယား မုန်လာဥဖြူကင်မ်ချီ” . [깍두기 , Kkakdugi , Kimchi made with Raddish cube]

ဒီတစ်ခါကင်မ်ချီကတော့ ကိုရီးယားမုန်လာဥဖြူနဲ့ လုပ်ရတဲ့ ကုဗတုံး မုန်လာဥဖြူကင်မ်ချီလုပ်နည်းလေးကို ပြောပြပေးသွားမှာပါနော်..
ပါဝင်ပစ္စည်းများကတော့....
မုန်လာဥဖြူ ၊ ဆား ၊ သကြား ၊ ငါးငံပြာရည် ၊ ငရုတ်သီးမှုန့် ၊ကြက်သွန်မြိတ် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ....
ပြုလုပ်နည်း...
၄ပေါင်ရှိတဲ့ မုန်လာဥဖြူကို အခွံနွှာပါ ။
ရေထဲမှာဆေးပြီး တစ်ရှုးလေးနဲ့ သုတ်ပေးပါ ။
၃/၄ကနေ ၁လက်မအထိရှိတဲ့ ကုဗတုံးအရွယ်လေးတွေလှီးပြီး ဇလုံကြီးကြီးထဲကိုထည့်ပါ ။
သကြား၂ဇွန်း ဆား၂ဇွန်းထည့်ပြီး သေချာမွှေပါ ။
Tip :ချိုတာကြိုက်တယ်ဆိုရင်တော့ သကြား၁ဇွန်းပိုထည့်ပါ ။
မိနစ်၃၀အနည်းငယ်ထားပါ ။
ထွက်လာတဲ့အရည်တွေကို တခြားပန်းကန်ထဲကို ပြောင်းထည့်ပါ ။
ကြက်သွန်ဖြူနုပ်နုပ် ၂ဇွန်း(၅~၆မွှာ) ၊ ဂျင်းနုပ်နုပ်စင်း ၁ဇွန်း ၊ ကြက်သွန်မြိတ် နုပ်နုပ်၄ဇွန်း ၊ ငံပြာရည် ၁/၄ဇွန်း ၊ ငရုတ်သီးမှုန့် ၂/၃ဇွန်း ၊ ခုနက ဆားရည် ၁/၃ဇွန်း......
Tip : ငရုတ်သီးမှုန့်ကတော့ အစပ်ကြိုက်တဲ့အပေါ်မူတည်ပြီးထည့်ပါ ။ သတ်သတ်လွတိသမားများကတော့ ငါးငံပြာရည် ပဲငံပြာရည်ကိုအသုံးပြုပေးပါ ။
အနှစ်နဲ့ တသားတည်းကျတဲ့အထိ အရည်ရွှမ်းလာတဲ့အထိ သေချာစွာမွှေပါ ။
ပြီးရင် ဖန်ပုလင်းထဲကို လေလွတ်မရှိအောင် ဖိထည့်ပြီး လုံခြုံအောင်ပိတ်ထားပါ ။
ချက်ချငိးစားလည်းရသလို အခန်းအပူချိန်တွင် ရက်အနည်းငယ်ထား အချဉ်ဖောက်ပြီးမှ စားလည်းရပါတယ် ။ အမြှုပ်တွေထွက်လာပြီး အချဉ်အနံ့အရသာထွက်လာတဲ့အခါ ရေခဲသေတ္တာထဲပြောင်းသိမ်းထားပေးပါ ။
အခုမုန်လာဥဖြူကုဗတုံးကင်မ်ချီလေးက ပဲပင်ပေါက် စွပ်ပြုတ်လေးနဲ့ အလွန်လိုက်ဖက်ပါတယ်
Source:Mangchi(YouTube)