“ကိုရီးယား ဘူဒယ်ဂျီဂယ်” . [부대찌개 Budae-jjigae ]

ဒီနေ့တွေ ပူပူနွေးနွေး စတူးလေးတစ်ခုနဲ့ မိတ်ဆက်ပေးမယိနော် ။ ကြက်ဥချောင်း ၊ ဝက်သားပြား ၊ ပဲပြား ၊ ဆန်ချောင်းတို့နဲ့ မိမိကြိုက်နှစ်သက်ရာ ပါဝင်ပစ္စည်းတွေ ထည့်ပြီး စားနိုင်မယ့် ဘူဒယ်ဂျီဂယ်လေးကို တူတူချက်စားလိုက်ကြရအောင်နော်!!!
ပါဝင်ပစ္စည်းများကတော့ ကြက်ဥချောင်း ၄ချောင်း ၊ spam ၁ပြား ၊ ပဲပြား ၁/၃ ပြား ၊ ကြက်သွန်နီ ၁/၂စိတ် ၊ ကြက်သွန်မြိတ် ၁ပင် ၊ ကင်မ်ချီ ပလက်စတစ် ၁ခွက် ၊ Baked Beans ၂~၃ဇွန်း ၊ ဝက်သားနုပ်နုပ်စင်း ၂~၃ဇွန်း ၊ ဆန်ဆေးရေ (သို့မဟုတ် အမဲစွပ်ပြုတ်ရည်) ...
အနှစ်ပြုလုပ်ရန် : ကြက်သွန်ဖြူနုပ်နုပ် ၁ဇွန်း ၊ ငရုတ်သီးမှုန့် ၂ဇွန်း ၊ ပဲငံပြာရည် ၂ဇွန်း ၊ ငရုတ်သီးအနှစ် ၁ဇွန်း ၊ (လိုအပ်တာရှိရင်တော့ ဆားလေးထပ်ထည့်ပါနော်)
၁။ အနှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်းတွေ အကုန် ရောနယ်လိုက်ပါ ။
၂။ ပါဝင်ပစ္စည်းတွေကို အသင့်တင့်အရွယ်လေးတွေ လှီးပါ ။
၃။ ဝက်သားပြားနဲ့ ကြက်ဥချောင်းကို ဇကာထဲထည့်ပြီး ရေနွေးလေးအပေါ်က လောင်းချပြီး အဆီတွေစစ်ချပေးပါ ။
၄။အိူးကျယ်ကျယ်ထဲကို ပါဝင်ပစ္စည်းတွေအကုန်ထည့်ပြီး ဆန်ဆေးရေ သို့ အမဲစွပ်ပြုတ်ရည် လောင်းထည့်ပါ ။ ကျွန်မတော့ ဆန်ဆေးရေပဲသုံးလိုက်ပါတယိ ။ အမဲရိုးစွပ်ပြုတ်ရည် သုံးလည်းရပါတယ်။
၅။ပွက်လာပြီဆိုရင် ခေါက်ဆွဲကိုထည့်ပြုတ်ပါ ။ Cheese sliceလေးတွေ ထည့်ပြီးစားရင် ပိုစားကောင်းပါတယ်
အသေးစိတ်ကိုဗီဒိီယိုလေးထဲမှာ ကြည့်ရှုလိုက်ပါနော်
Source : cozytable (YouTube)