“ကိုရီးယား ကြက်သားချိစ် ဂါလ်ဘီ” . [치즈닭갈비 , CheeseDak-Galbi,Korean Spicy stir-fried Chicken]

https://fb.watch/gdhCYE5ktV/

 

တစ်နေ့တာပင်ပန်းသမျှတွေကို ဖြေဖျောက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းလေးကတော့ အရသာရှိတဲ့ အစားအစာတွေကို စားခြင်းပါပဲနော်.. ဒါကြောင့် မင်မင်က ပင်ပန်းမှုတွေ အဆုံးသတ်ပေးမယ့်ပထမဆုံး တစ်လုတ်ကနေ အဆုံးစွန်းထိ နှစ်သက်ဖွယ်ကောင်းတဲ့ အရသာကိုပေးစွမ်းနိုင်မယ့် ကိုရီးယားချိတ်ကြက်သားဂါလ်ဘီချက်နည်းလေးကို ပြောပြပေးမှာ ဖြစ်ပါတယ်..
[ပါဝင်ပစ္စည်း ၃~၄ပွဲစာ]
ကြက်သားအရိုးမပါ ၅၀၀ဂရမ် ၊ ကန်စွန်းဥ တစ်လုံး ၊ ကြက်သွန်နီ တစ်ခြမ်း ၊ ဂေါ်ဖီထုပ် ၁/၆ခြမ်း ၊ ကြက်သွန်မြိတ် ၁/၂ပင် ၊ နှမ်းမွှေးရွက် ၅ရွက် ၊ တော့ပုကီဆန်ချောင်း ၁/၂ခွက် ၊ Mozzarella cheese ၂ခွက် ၊ နွားနို့ ခွက်ဝက်...
*အနှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ : ငရုတ်သီးအနှစ် ၃ဇွန်း ၊ ငရုတ်သီးမှုန့် ၂ဇွန်း ၊ သကြား ၁ဇွန်း ၊ ဆန်အရက်(rice cooking wine) ၂ဇွန်ူ ၊ ပဲငံပြာရည် ၁ဇွန်းခွဲ ၊ ကြက်သွန်ဖြူနုပ်နုပ် ၁ဇွန်း ၊ Oligosaccharide ၂ဇွန်း ၊ curry powder ၁ဇွန်း ၊ ဂျင်းရည် ၁ဇွန်း ၊ နှမ်းဆီ ၁ဇွန်း ၊ ငရုတ်ကောင်ရ ၊ နှမ်း အနည်းငယ်..
ပြင်ဆင်ချက်ပြုတ်နည်း..
၁။ ကြက်အရေခွံတွေကို ခွှါပြစ်ပြီး နွားနို့နဲ့ မိနစ်၃၀လောက် နှပ်ထားပါ ။ ပြီးရင် ရေအေးနဲ့ ဆေးကြောပေးပြီး အတုံးသေးလေးတွေ လှီးပါ ။ ပန်းကန်လုံးထဲမှာ အနှစ်တွေနဲ့ နယ်ပြီး နောက်ထပ်မိနစ်၃၀ကြာအောင်နှပ်ထားပါ
၂။ကြက်သွန်နီ ပါးပါးလှီး ၊ ကန်စွန်းဥ ၊ ဂေါ်ဖီထုပ် ၊ နှမ်းမွှေးရွက်တို့ကို့လည်း သင့်တော်သလိုလှီးပါ ။ ကြက်သွန်မြိတ် ၊ ငရုတ်သီး အနီ အစိမ်းတို့ကိုလည်း ပါးပါးလှီးထားပါ ။
၃။ အပူပေးထားပြီးသား အိုးထဲမှာ ဆီ အနည်းငယ် ထည့်ပြီး ကြက်သားနဲ့ ကန်စွန်းဥကနေ စကြော်ပါ ။ ကန်စွန်းဥ အနည်းငယ် ကျက်ပြီဆိုရင် ကြက်သွန်နီ ၊ ဂေါ်ဖီထုပ် ၊ တော့ပူကီ ဆန်ချောင်း တို့ကိုပါ ထည့်ပြီး ၅မိနစ်ကြာအောင် ကြော်ပေးပါ ။
၄။ နောက်ဆုံးမှ ကြက်သွန်မြိတ် ၊ ငရုတ်သီး အနီ အစိမ်း ၊ နှမ်းမွှေးရွက် တို့ကို ထည့်ပြီး တစ်မိနစ်လောက် အနည်းငယ် ကြော်ပေးပါ ။ ပြီးလျှင် Mozzarella cheese ဖြူးပြီး အဖုံးပိတ်ပြီး cheese အရည်ပျော်အောင် ၃~၅မိနစ်ထိ တည်ထားပါ ။
၅။ပြီးရင်တော့ ပန်းကန်ထဲမှာ အရသာရှိစွာ စားသုံးနိုင်ပါပြီ~~~~
Source: Wife’s Cuisine