“ကိုရီးယား ကင်မ်ချီထမင်းကြော် ချက်ပြုတ်နည်း”

[김치볶음밥, Kimchi-Bokkeum -Bap,Korean Fried Rice]
.
* ပါဝင်ပစ္စည်းများ
-ထမင်း တစ်ပန်းကန်လုံး ၊ ကြက်သွန်နီ ၁/၄စိတ် ၊ ကြက်သွန်နီ ၁/၂ပင်၊ နှမ်း ၁ဇွန်း ၊ နှမ်းဆီ၁ ဇွန်း ၊ သကြား အနည်းငယ် ၊ နုပ်နုပ်လှီး ကင်မ်ချီ ထမင်းတစ်ပန်းကန်လုံး ၊ ဟင်းချက်ဆီ ၊ ပဲငံပြာရည် ၁ဇွန်း
-၁ဇွန်း= ထမင်းစားဇွန်း ၁ဇွန်း
* ကင်မ်ချီ ထမင်းကြော် ချက်ပြုတ်နည်း
၁)ပါဝင်ပစ္စည်းများအားလုံးကို နုပ်နုပ်လှီးပေးပါ ။
၂)အနည်းငယ် ထူတဲ့ အိုးထဲကို ဟင်းချက်ဆီ လုံလုံလောက်လောက်ထည့်ပြီး မီးပြင်းအား အသင့်အတင့်နဲ့ အပူပေးထားပါ။
၃)ကြက်သွန်မြိတ်အရင်ထည့်ပြီး မွှေးလာတဲ့အခါ ကင်မ်ချီနဲ့ သကြားအနည်းငယ် ထည့်ပါ။
၄)၁မိနစ်လောက်ကြာရင် ကြက်သွန်နီထည့်ပြီး ကြော်ပေးပါ။
၅)ပါဝင်ပစ္စည်းတွေကို အိုးရဲ့ တစ်ဖက်ကို ကပ်ပြီး ပဲငံပြာရည်ကို အနည်းငယ်ပွက်အောင်ထားပြီး အတူတူမွှေလိုက်ပါ ။
၆)ထမင်းကို ထည့်ပြီး မီးအားအသင့်အတင့်နဲ့ ဆက်ကြော်ပေးပါ။
၇)ပါဝင်ပစ္စည်းတွေ အကုန်ရောမွှေပြီးရင်တော့ မီးပိတ်ပြီး နှမ်းဆီ နဲ့ နှမ်းလေး ဆမ်းပြီး လက်စသတ်လိုက်ပါ ။
*ပဲငံပြာရည်ကို အနည်းငယ် ပွက်အောင်ထားပြီးမှ ကင်မ်ချီနဲ့ မွှေပေးတံ့အခါ အနံ့လေးပိုပြီးသင်းစေပါတယ် ။
*ကြက်သွန်မြိတ်အနံ့မွှေးတဲ့အခါ ပိုပြီးအရသာရှိတဲ့ ကင်မ်ချီထမင်းကြော်ကို စားသုံးနိုင်ပါတယ် ။
*ငရုတ်သီးမှုန့် သို့ ကင်မ်ချီအရည်ကို မိမိအကြိုက်ကိုလိုက်ပြီး ထည့်နိုင်ပါတယ် ။
*ကင်မ်ချီထဲကို သကြားအနည်းငယ်ထည့်ကြော်မှ ကင်မ်ချီရဲ့ အချဉ်ဓာတ်ကို သကြားက ထိန်းကွပ်ပေးနိုင်မှာ ဖြစ်ပါတယ် ။
*Ham(ဝက်သားပြား) ၊ အသား စသည်တို့ကိုလည် မိမိစိတ်ကြိုက်ထည့်သွင်းချက်ပြုတ်ပြီး ပိုမို အရသာရှိစွာ စားသုံးနိုင်ပါသေးတယ် ။
Source: Choi Jubu