ကိုရီးယားလိမ္မော်အရသာကြက်ကြော်ပြုလုပ်နည်း” . [오렌지 치킨 ,Orange Crispy Chicken ]

https://fb.watch/gdimAByqTw/

 

ဒီတစ်ခါမှာတော့ သာမာန် ကြက်ကြော်တွေထက် အရသာတစ်မျိုးထူးခြားပြီး ချက်ပြုတ်ရတာလည်း လွယ်ကူတဲ့ ကြက်သား လိမ္မော်ကြော် နည်းလေးအကြောင်း ပြောပြပေးပါဦးမယ် ။
ပါဝင်သောပစ္စည်းများ
ကြက်ရင်ဘုံသား ၂၉၀ဂရမ် ၊ ကြက်သွန်ဖြူ နုပ်နုပ် ၁ဇွန်းသေး ၊ လိမ္မော်ရည် ၂ဇွန်းသေး ၊ ဆား ၁ဇွန်း ၊ ငရုတ်ကောင်း ဇွန်း ၁ ဝက် …
ဂျုံအနှစ်အတွက်
ဆန်မှုန့် ၅၀ဂရမ် (၅ဇွန်း) ၊ ပြောင်းဖူးကော်မှုန့် ၂၅ဂရမ် (၂.၅ဇွန်း ) ၊ ဂျုံ ၂၅ဂရမ် (၂.၅ဇွန်း) ၊ ရေ ၉၀မီလီလီတာ …..
အနှစ်ပြုလုပ်ရန်
ဂျင်းမှုန့် ဇွန်း တစ်ဝက် ၊ ငရုတ်သီးမှုန့် ၁ဇွန်း ၊ သကြားညို ၅၀ဂရမ် (ရိုးရိုးသကြား) ၊ ပျားရည် ၁ဇွန်း ၊ လိမ္မော်ရည် ၅၀မီလီလီတာ ၊ ပဲငံပြာရည် ၂ဇွန်းသေး ၊ ရှာလကာရည် ၂ဇွန်းသေး…..
ကော်ရည် ပြုလုပ်ရန်
-ပြောင်းဖူး ကော်ရည် ၁.၅ဇွန်းသေး၊ ရေ ၂ဇွန်းသေး
Tip : ကျွန်မက လိမ္မော်သီး ၁လုံး သုံးပါတယ် ။
မိမိကြိုက်နှစ်သက်ရာ ကြက်သားကိုသုံးနိုင်ပါတယ် ။ ဂျင်းနုပ်နုပ်စင်းကို သုံးတယ်ဆိုရင်တော့ အနှစ်ပြုခုပ်တဲ့အထါ ထည့်လိုက်ပါ ။
ဆန်မှုန့်မရှိရင် ကော်မှုန့် ၇၀ဂရမ် + ဂျုံမှုန့် ၃၀ဂရမ် ရောသုံးလို့ရပါတယ် ။ (ဒါမဲ့ ဆန်မှုန့်လောက်တော့ မကြွပ်ဖူးပေါ့နော်)
Source: delicious day